Welcome, visitor! [ Register | Loginrss

ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသား သုံးသန်းကျော်၏ လုပ်အားတန်ဖိုးများ ဆုံးရှုံးလျက်ရှိဟု နိုင်ငံတော် သမ္မတပြောကြား

| ပြည်တွင်းနှင့်နိုင်ငံတကာ | December 10, 2012

By Pyi MyanmarOriginally posted 23/11/2012 11:30AM

ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း နည်းပါးခဲ့မှုများကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသော နိုင်ငံသား သုံးသန်းကျော်၏ လုပ်အားတန်ဖိုးသည် မြန်မာနိုင်ငံအတွက် ဆုံးရှုံးလျက်ရှိကြောင်း  ၁၆-၁၁-၂၀၁၂ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ ပြုလုပ်သော ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ သံဃာတော်များ၊ အစ္စလာမ်ဘာသာဝင်ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့နိုင်ငံဟာ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံကောင်းတွေ များစွာရှိပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၂၀ ကျော် စီးပွားရေး ပိတ်ဆို့ခံထားရတဲ့အတွက်ကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးပါတယ်။ ဆင်းရဲနွမ်းပါးမှုနှုန်း များတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအားလုံးက ပြည်ပရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်လင့်ရပါတယ်” ဟု ယင်းကဆိုသည်။ ဆက်လက်၍ ယင်းက “ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား ၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား သုံးသန်းကျော် ရှိတယ်။ ဒါဟာ နိုင်ငံအတွက် လုပ်အားငွေ ဆုံးရှုံးတယ်။ တစ်နည်းအားဖြင့် တခြားတိုင်းပြည်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ သွားရောက် အလုပ်အကျွေး ပြုနေရသလိုပဲ။ အကယ်၍ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်၊ နည်းပညာတွေ ဝင်လာမယ်ဆိုရင် စက်ရုံ၊ အလုပ်ရုံတွေ ပြည်တွင်းမှာ များလာတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်လာမယ်။ လစာတွေ၊အလုပ်အကိုင်တွေ၊ အခွင့်အရေးတူရင် ဒီလူတွေက ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးစံတွေရှိတဲ့ ဒီမှာပဲ လုပ်ကြလိမ့်မယ်” ဟု ထပ်မံပြောကြားသည်။

NHW

 

 

No Tags

  

Comments

By Monthly