Welcome, visitor! [ Register | Loginrss

ဇာတ်ကားရိုက်ရင်း တကယ် ငိုခဲ့ရတဲ့ ချမ်းမီမီကိုရဲ့ အဖြစ်

| အနုပညာနှင့် အားကစား | June 30, 2012

By Popular Journal20 January, 2012 – 12:13

“နို့တိုက်အမေ” ဆိုတဲ့ မိဘမေတ္တာဖွဲ့ ဇာတ်ကားမှာ ချမ်းမီမီကိုက မိခင်တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။  မိခင်တစ်ယောက်ရဲ့ မေတ္တာကို ပေါ်အောင် ရိုက်ကူးရတာ ဖြစ်တဲ့အတွက် ပင်ပန်းခဲ့ရတယ်လို့ ပြောပါတယ်။ “ကလေးအပေါ်မှာ ထားရတဲ့ မိခင်တစ်ယောက်စိတ်ကို ရအောင် လုပ်ရတာ တော်တော်ခက်တယ်။ အဲဒီကားမှာ ရိုက်ဖို့အတွက် မွေးခါစကလေး ၃ ရက်ပဲ ရှိသေးတဲ့ ကလေးကို ခေါ်လာတာ။ အဲဒီကလေးနဲ့ ရိုက်ရတာ။ နီတာရဲလေးကို ချီရတာ။ သူက နို့ဆာလို့ ငိုတော့ ကိုယ်က စိတ်မကောင်းဖြစ်ပြီး အဲဒီမှာ တကယ် ခံစားရတော့ ကိုယ်လည်းငိုရော။ အဲဒါကတော့ အမှတ်တရပဲ။ တော်တော်လေးလည်း ဒီကားက လုပ်ရခက်တယ်” လို့ အမှတ်တရ ပြောပြပါတယ်။ ချမ်းမီကိုကိုက “တပွဲစား” ဇာတ်ကားကို ဆားမလောက်မှာ သွားရောက် ရိုက်ကူးခဲ့ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံရင်းနှီးခွင့် ရခဲ့တယ်လို့ ပြောပါတယ်။ ဇာတ်ကားတွေမှာ လိုအပ်တာတွေကို ပရိသတ်တွေက ဝေဖန်ပေးကြသလို အခုချိန်ထိ သင်ယူနေတုန်းဖြစ်ပြီး အတွေ့အကြုံတွေ၊ ပညာတွေကို သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေဆီက သင်ယူနေတုန်းပါလို့ ပြောပါတယ်။ ချမ်းမီမီကိုက နတ်ရေစင် ထုတ်လုပ်ရေးနဲ့  ဖိုက်တင်ကား ရိုက်ဖို့ရှိပြီး အရင်တုန်းက “ဆူးနဲ့နှင်းဆီ” ဇာတ်ကားမှာ ဖိုက်တင်ခန်းတွေ ပါတဲ့အတွက် ကိုလူချောတို့အဖွဲ့ သင်ပေးထားတာကြောင့် ဒီဇာတ်ကားအတွက် အဆင်ပြေသွားတယ်လို့ ပြောပြပါတယ်။ ဇာတ်ကားတွေကို ဆက်တိုက် ရိုက်ကူးသွားမယ့် ချမ်းမီမီကိုက Spike ပရိုမိုးရှင်းအနေနဲ့  ခရီးထွက်ဖို့ ရှိတယ်လို့ ပြောပြပါတယ်။

မေမွန်မောင်

No Tags

  

Comments

By Monthly